"နာမှာကြောက်လို့ "(စ/ဆုးံ)

အချစ်၏အစကို သူဝိုးတ၀ါးဖြစ်နေသည်။ အဘယ်ကဲ့သို့ အဆင်ပြေအောင်မြင်သွားခဲ့သည်ကိုပင် သူမမှတ်မိတော့လောက်အောင် ဖြစ်ခဲ့သည်။ တစ်ရပ်ကွက်လုံး၏ သရဖူ အားကစားမယ်လေး““ရွယ်ရွယ်””နှင့် အိမ်ထောင်ကျခဲ့သည်ကို သူ့အသိုင်းအ၀ိုင်းက အံ့အောကြ၏။ သို့သော် ““ရွယ်””ကဲ့သို့ ချောမော နုပျိုတောင့်တင်းသော မိန်းကလေးကို မိုးကောင်းမှ ခွန်ဂျာ အဖေကလဲ သဘောတူခဲ့သည်။ နှစ်ယောက်စလုံး၏ သီးခြားကမ္ဘာလေးတစ်ခုကို ပူးပေါင်းတည် ဆောက်ခဲ့ကြ ပါသည်။လွတ်သောငါးသည် ကြီးလေ့ရှိပါသည်။ သူနှင့် လက်ထပ်ပြီး (၁)နှစ်ကျော်ကျော်မှာပင် ရွယ်ရွယ် ကွယ် လွန်သည်။ ရွယ်ရွယ် အသက်က ငယ် အရွယ်ကနု အရပ်ပု၍ ညှပ်ရိုးကျဉ်းသောကြောင့် ခလေးမမွေးနိုင် ပဲ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ သူ အရူးလိုပင် ဆောက်တည်ရာမရ လျောက် သွားသည်။ တောင်ကြီး အင်းလေး ပင်းဒယ ပုဂံ ညောင်ဦး အစုံပင်။ ရောက်လေရာ၌ ကင်မရာတစ်လုံးနှင့် ဓါတ်ပုံ ရိုက်ဖြစ်သည်။ ရွယ်ရွယ်ကဲ့သို့ နုပျိုချောမောသမျှ စိတ် သဘောထားပြည့်ဝသော မိန်းကလေးမျိုးကိုလဲ ထပ်မ တွေ့တော့ဟု သူထင်သည်။ ဘက်စုံပြီးပြည့်စုံသော မိန်းကလေးဟု ရွယ်ရွယ်ကို သူမြင်ထားခဲ့သည်။ ထို့ကြောင့် ပင် လွတ်သည်ငါး ကြီးသည်ဟု ဆိုခဲ့ ခြင်းဖြစ်၏။ နှလုံးသား၏ ဆာလောင်မွတ်သိပ်မှု ဝေဒ နာကို ခါး...